အနှစ်သာရ (Core Value)

အနှစ်သာရ

သာသနာတော်၏ အနှစ်သာရ

သာသနာတော်ကြီး၏ အနှစ်သာရသည် မဂ်ဖိုလ် နိဗ္ဗာန်သာ ဖြစ်သည်။

အသက်၏ အနှစ်သာရ

 သတ္တဝါတိုင်း၏ စွဲမက်သည့် အသက်၏ အနှစ်သာရသည် ဝိပဿနာ တရား ရှုမှတ်ပွားများခြင်းပင်ဖြစ်သည်။

စီးပ္ပားဥစ္စာ၏ အနှစ်သာရ

စီးပ္ပားဥစ္စာ စိန်ရွှေရတနာတို့၏ အနှစ်သာရသည်၊ ပေးကမ်းလှူဒါန်းခြင်းဖြစ်သည်။

ကိုယ်ခန္ဓာ၏ အနှစ်သာရ

ဤကိုယ်ခန္ဓာကြီး၏ အနှစ်သာရသည် ကိုယ်ကျင့်တရား သီလများသာဖြစ်သည်။
(ဗုဒ္ဓ-မဟာသာရောပေသုတ်)


Comments